သူနဲ့ တွေ့ဆုံခဲ့တာက တကယ်ဆိုရင် ကျွန်တော့်အသက် အနှစ်နှစ်ဆယ်ကျော်မှပါ။ အများလူတွေပြောကြပေမယ့် သူနဲ့ မဆုံခဲ့တော့ သူကို အထင်မကြီးခဲ့မိဘူး။ သူကို ပထမဆုံး ဆုံခဲ့ဖူးတာက အမိကျောင်းတော်ကြီးမှာ။ လက်တွေ့ခန်းမှာ သူနဲ့ ဆုံခဲ့မိဖူးတယ်။ ဒါပေမယ့် စိတ်ထဲမှာ မထားမိပါဘူး။ သာမန် အသိလောက်ပဲ သူကို သိခဲ့မိတာပါ။
အခုတော့သူဟာ ကျွန်တော်ရဲ့ ဘ၀ကို ပိုင်စိုးနိုင်လုနီးပါးဖြစ်ခဲ့ရတယ်။ အခု သူနဲ့ အဆက်အသွယ်ပျက်ခဲ့တော့ ကျွန်တော် မနေနိုင်မထိုင်နိုင်အောင်ပဲ။ လောကကြီးကို အဆက်အသွယ်ဖျတ်ထားတဲ့လူတစ်ယောက်အလား။ အသိဉာဏ်တွေ ကင်းမဲ့သွားသလို ခံစားရတယ်။ သူမရှိတော့ အသက်ရှုနေရတာတောင် အဓိပ္ပါယ်မဲ့သွားသလိုပါပဲဗျာ။ တကယ်တော့ သူဟာ အားလုံးကို အပြုံးလေးနဲ့ ပျော်ရွှင်စွာ ဆီးကြိုတတ်သူပါ။ ဒါကြောင့်လဲ ကျွန်တော် ဒုတိယအကြိမ် ဆုံဖူးကြတဲ့အချိန်က အစအခုလက်ရှိအချိန်ထိ သူဟာ စိုးမိုးနေခဲ့ပါပြီး။
နာရီနဲ့ အချိန်နဲ့မျှ သူအဆက်အသွယ်ရအောင် ကျွန်တော် ကြိုးစားခဲ့တယ်။ သူမရှိတော့ အားလုံးလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်တင်မကပါဘူး။ ကျွန်တော့်သူငယ်ချင်း အားလုံးကပါ သူ့အကြောင်းအမြဲပြောနေကြတယ်။ “သူနဲ့ အဆက်အသွယ်ရရဲ့လား” နှုတ်ဆိတ်တဲ့ စကားလုံးတွေနဲ့ ကျွန်တော်ဟာ ခေါင်းယမ်းပြနေမိခဲ့တယ်။ ကျွန်တော်လိုပဲ ကျွန်တော့်ရဲ့သူငယ်ချင်း၊ သူနဲ့ ပတ်သက်နေတဲ့သူတွေ အားလုံးက သူလာမယ့်အချိန်ကို စောင့်မျှော်နေရတယ်။ “အမြန်ပြန်လည် ကောင်းလာပါတော့လား” ကျွန်တော် အော်ညည်းမိတယ်ဗျာ။
ကျွန်တော်ပြောနေတဲ့ သူဆိုတာ ခင်ဗျားတို့လဲ သိကြမယ်ထင်ပါတယ်။ သူမရှိတော့ အားလုံးနဲ့ အဆက်အသွယ်မလုပ်မိတော့ဘူး။ ဒါကြောင့် အခုတလော ဘလော့ လောကကနေ ငြိမ်သက်နေရတယ်။ အားလုံးရဲ့ အိမ်တွေမှာ ပို့စ်အကြွေးတွေ တင်နေတာ သူ့ကြောင့်ပေါ့ဗျာ။ သူမရှိတော့ ကျွန်တော်လဲ လာလည်လို့အဆင်မပြေတော့ဘူး။
အခု ရက်ပိုင်းဖြစ်ဖြစ်၊ လပိုင်းဖြစ်ဖြစ် အင်တာနက် ကွန်ယက် ပျက်နေမှာတဲ့ဗျာ။ ဒါကြောင့် ကျွန်တော်ရဲ့ ဘလော့ကိုကို မမများဆီသို့ အလည်မရောက်ကြောင်း ဒီပို့စ်လေးနဲ့ တောင်းပန်အပ်ပါတယ်ခင်ဗျာ။
အဲ့ ဒီ သူ က မြန်မာပြည်မှာလဲ ဒီလိုပါပဲဗျာ။
ဓါတ်တူ နံတူ ဆိုပါတော့ ။
မှောင်နေရင်ကွယ် မီးထွန်းလိုက်၊ အင်တာနက်မရရင်
ငိုင်နေလိုက်ပေါ့ .။
ခဏပဲ ဖြစ်မှာပါ၊
နယူကလီးယားပါဝါ သုံးဆွဲတဲ့ တိုင်းပြည်ကြီးမို့  ခဏတာပဲ
ဖြစ်မှာပါလို့ ။
သူဆိုမှ သူရယ်လို့  စွဲနေပြီဆိုတော့လည်း
ဒုက္ခရောက်ပေတော့တာပေါ့လေ ။
ဂျင်းစိမ်း နဲ့ မိတ်သလင်၊
သူကြင်မှ ကိုယ်ကြင် ၊ နေကြည့်လိုက်ပါလား..လို့ နော် ။။
ဪ .. သူ့ တိုင်း သူ့ ပြည်မှာလည်း ၊
ဒီလိုမျိုးတွေ လ ၊ နဲ့ တောင်ချီပြီး ကြာမှာတဲ့ လား ။
စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေရင် ၊
တရားလေးသာ မှတ်နေပေါ့ကွယ် ။
အိပ် ၊ ထိ ၊ ရ မည် ၊ ကွန်ပူတာ သည်
မရှိမကောင်း ၊ ရှိမှ ကောင်းသည် .. လို့ ....း))
ချစ်သူနဲ့ကွဲတာလောက်တော့ မဆိုးပါဘူး
တရားသာမှတ်ပါလေ
(ဟဲဟဲ သံသရာတပါတ်လည်တာပါပဲ)
စတာနော် တကယ်စိတ်မဆိုးရဘူး :)
မင်္ဂလာပါ ကိုသော်ရေ..
လာလည်ပါတယ်ဗျာ။ သူမရှိဘူး ဆိုလို့ ဘာများလဲလို့။ ဒီလိုပါဘဲ။ ဖြစ်လိုက်..ပျက်လိုက်ပါဘဲ။ သူရှိတဲ့ အချိန်မှာ မြန်မြန်ပြန်လာခဲ့နော်.. :)
ခင်မင်စွာဖြင့်
ကိုမျိုး
မရှိတော့ ဘယ်သွားနေလို့လဲဟင်....:P