Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)


(၁၉.၆.၂၀၁၀)အဖေများနေ့ အမှတ်တရ ရင်ထဲမှာရှိတာလေး ဖော်ပြချင်တာပါ။ သိသူများလဲသိစေပါ။ မသိသူများလဲ သိပါစေ။ သတ္တ၀ါတိုင်းတွင် မိဘနှစ်ပါးသည် ရှိ၏။ မိဘဟူသည် ပုံစံမကျသေးသော အရာတစ်ခုအား ပုံစံဝင်စေရန် ပုံသွင်းပေးကြသော ပန်းပုပုံသွင်းဆရာများ ဖြစ်ပါသည်။

မိဘ ဆိုသည် သားသမီးများအတွက် အမြင့်သို့ ရောက်စေတက်သော လှေကာားနှင့်တူ၏ ။ လှေကားတွင် အထစ်လေးများလဲပါ၏ ။ အမြင့်သို့တက်သည့်အခါ အားပြုတက်ဖို့ရန် လက်တန်းလှေကားလေး တစ်ဖက်တစ်ချက်တွင် ပါရှိ၏ ။ ထိုလက်တန်းလေးများကို အမေဖြင့် တင်စား ခေါ်စေချင်ပါသည်။ အဖေသည် အမြင့်သို့ ခြေနင်းတက်ရန် ကျောခင်းပေးတက်သော လှေကားထစ်ကလေးများဖြင့် တင်စား မြင်စေချင်ပါသည်။

အဖေသည် သားသမီးများ အတွက် အမြင့်တက်ဖို့ ခြေချစရာ နင်းတက်စရာ လှေကားထစ်လေး အဖြစ် မိမိဘ၀ကို ကျောခင်း၍ မြှင့်တင်ပေးတက်သည့် သဘောကို မြင်စေချင်ပါသည်။ သားသမီးများရဲ့ ခြေဖ၀ါး နုနုလေးတွေ ဆူးငြောင့်ကင်းအောင် နည်းအမျိုးမျိုးဆောင်၍ ဆောင်ကျဉ်း ပေးတက်စမြဲ။ တစ်ဆင့်နဲ့ တစ်ဆင့်မြင့်တက်ဖို့ ညွန့်ဝင်သွားမတက် ကျောပိုးပေးလိုက်သည် ဖခင်၏ မေတ္တာကို တွေးတောလို့ ဆုံးမည်မထင်။

ထို့အပြင် မိဘများအား အခုခေတ် ပေတစ်ရာ လမ်းမကြီးများနှင့်လည်း တူ၏ ။ ပေတစ်ရာလမ်း၏ တစ်ဖက် တစ်ချက်တွင် ညအချိန် အလင်းဆောင်နေသော မီးတိုင်ကြီးများကို အမေဖြင့် တင်စား ချင်ပါ၏ ။ မီးတိုင်များကဲ့သို့ လိုအပ်သော အလင်းရောင်အား မြင်သာအောင် ပေးဆောင်တက်၏။ အဖေသည် ပေတစ်ရာ လမ်းမကြီးအဖြစ် တင်စားနိုင်ပါ၏။ လိုရာလမ်းသို့ ဦးတည်ပြ၏ ။ ချိုင့်ကင်းသော လမ်းမကြီးအဖြစ် ခင်းကျင်းပေး၏။ အဖေသည်လဲ သားသမီးများအတွက် အေးချမ်းသာယာသော ဘ၀လမ်းကို ကျောခင်းပေး၏ ။

မိဘများ၏ ကြီးမားသော မေတ္တာ တရားအား ဘာသာပြန်၍ မပြည့်စုံနိုင်သော ကဗျာ တစ်ပုဒ်အဖြစ်နှင့်လည်း တူ၏ ။ မဖော်ပြနိုင်သော အနှစ်ရသ များစွာ ပါဝင်သော ကဗျာလင်္ကာလေးပေါင်း များစွာဖြင့် ဖွဲ့စည်းထား၏ ။ လွမ်းချင်း ရသလဲပါ၏ ။ လေးချိုးရသလဲပါ၏။ မော်လ်ဒန် ခံစားမှုမျိုးလဲ ရှိ၏ ။ တနည်းအားဖြင့် လူတန်းစား ပေါင်းစုံမှ ရသပေါင်းများစွာဖြင့် သူ့အလိုကို ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည် ဟု ဆိုချင်ပါသည်။ ကမ္ဘာကြီးတွင် လူ့အလွှာအသီးသီး သာမက သတ္တ၀ါတိုင်းတွင်လည်း သူ့အလိုလိုပေါ်ပေါက်ဖြစ်တည်နေသော မိဘများနှင့် ၎င်းတို့၏ သားသမီးများ၏ ဆက်နွယ်မှုသည် ရှိမြဲ တည်မြဲ တည်ဆဲပင်။

သတ္တ၀ါတို့ အမှောင်ကို ကြောက်ကြ၏ ။ ထိုအမှောင်ကို ခွင်းပေးနိုင်သော အလင်းကို သတ္တ၀ါတို့ မြတ်နိုးကြ၏ ။ အားကိုးကြ၏ ။ အမိမဲ့သော သားအတွက် လမရှိသော ညကဲ့သို့ မှောင်မိုက်၏ ။ အဖမဲ့သော သားအတွက် အလင်းမဲ့သော နေ့ကဲ့သို့ အားကိုးရာမဲ့၏ ။ ကြောက်ရွံ့ဖွယ် ကောင်း၏ ။ ဤသို့သိပြီးလျှင် မိဘမဲ့ ကလေးများ၏ ဘ၀ကို စာနာမိသည်။ သူတို့သည် အလင်းမဲ့အမှောင်တိုက်၌ အားကိုးရာမဲ့စွာ ကြီးပျင်းလာကြသည်။

ကျွန်တော် မိဘမဲ့ဂေဟာမှာ နေဖူးပါသည်။ မိခင်က ကြိုးစား မွေးဖွားပါသော်လည်း ကြမ္မာဆိုးကြောင့် အဖေမဲ့ခဲ့၍်ခိုကိုးရာမဲ့ကြသည်။ စားဝတ်နေရေး ပူပင်ကြရသည်။ မိဘမေတ္တာငတ်မွတ်ကျသည်။ ထမင်းတစ်နပ်စားရဖို့ တွေးပူရသည်။ မနက်ဖြန် မနက်စာ မသေချာသော ဘ၀။ အိပ်ဖို့အတွက် အိပ်ယာမဲ့သည်။ ပုရွက်ဆိတ်နှင့် ကြမ်းပိုးကိုက်၍ အိပ်မရသော ဒဏ်ကိုလဲ ကောင်းကောင်းခံစားရသည်။

ကိုယ်ချင်းစာမိပါသည်။ “မေတ္တာရဲ့ အခြေံခံက ကိုယ်ချင်းစာတရားပါ” ဆိုတဲ့ စကားသည် အလွန်မှန်သည် ဆိုချင်ပါသည်။ မိဘမဲ့ကလေးများကို ကိုယ်ချင်းစာမိသည်နှင့် မိဘများရဲ့ ကြီးမားတဲ့ မေတ္တာကို ပိုပြီး မြင်မိသည်။ မေတ္တာကို ချစ်ခြင်းဖြင့် ဖော်ပြကြသည်။ ၎င်းချစ်ခြင်းကို ကော်စေးအဖြစ် ဖော်ပြသည်။ ကော်စေး ဆိုသည် အရာဝတ္ထုများ မပြိုကွဲ မပျက်စီးအောင် စုစည်းခြင်း၊ ဆက်သွယ်ပေးခြင်း အဓိပ္ပယ်ပင်ဖြစ်သည်။

ထိုကဲ့သို့ ချစ်တက်သော အမေနဲ့အဖေ။ ကျရောက်လာမည့် အန္တရယ်အား ကာကွယ်ပေးသည့် အဖေနဲ့အမေ။ လှေကားကဲ့သို့ အမြင့်သို့ ပံ့ပိုးပေးတက်သော အဖေနဲ့အမေ၊ ကြီးမားသော ရသ ပေါင်းများစွာဖြင့် ပြီးပြည့်စုံစွာ ဖော်ပြမရလောက်အောင် မေတ္တာကြီးမားသော အဖေနဲ့အမေ၊ လူလားမြောက်အောင် သွန်သင်ပြတက်သော အဖေနဲ့အမေ။ ဤကဲ့သိုသော ကျွန်တော်ရဲ့ အဖေနဲ့အမေအား ဤပို့စ်လေးနဲ့ ရှင်ခိုးကန်တော့ပါသည်။

1 Responses to နှိုင်းမကုန် ယှဉ်မရ အိုဘယ့် မိဘ

  1. ahphyulay Says:
  2. မှန်ပါတယ် ညီလေး ရေ..
    အစား ထိုး လို့ မရ တော့  တဲ့  အရိပ် တွေ ပါပဲ
    လို့  ကိုယ် မကြာမကြာ ပြော ခဲ့ ဘူး ပါတယ်၊
    နီးနေတုံး အဲ့ ဒီ အရိပ် တွေ ရဲ့  တန်ဘိုး ကို
    မသိ ပေမဲ့  ဝေး သွားပြီ ဆို တဲ့  အခါ ကျမှ
    တဖြည်း ဖြည်း သိ တော့  တာပါပဲ။
    ကိုယ်ဘယ်လောက်ပဲ ရင့် ကြက်နေပြီ လို့  အထင်ရှိ ရှိ
    နေပေမဲ့  အရိပ် အောက် တော့  တစ်ခါ ခါ ပြန်ခို ချင်သား။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ