ဓမ္မပဒစာအုပ်မှာ မှတ်သားစရာတွေ အများကြီးပါ။ အင်္ဂလိပ်၊ မြန်မာ၊ ပါဋ္ဌိ ဘာသာသုံးမျိုးရေးထားတဲ့ စာအုပ်ကောင်းလေးပါ။ ထိုအထဲက တချို့ကို ပိုတို့ရှော့ဖန်တီး ကြည့်မိတာလေး ကြွားတာပါ။ လက်တက်စမ်းနေတာပါ။ မျက်လုံးက ကာလာဗလိုင်းဆိုတော့ အရောင်စပ်တာ ညံပါတယ်။ ဘာရောင်တွေလဲ ဆိုတာကို သေချာခွဲခြားမတက်ပါဘူး။ မျက်လုံးထဲ ပသာဒဖြစ်တယ်ထင်တာ လုပ်ချလိုက်တာပါ။ လိုအပ်ချက် များစွာ ရှိနေမှာပါ။ အမှားပေါင်းများစွာဖြင့် ဖြတ်ညှပ်ကပ်ထားတာတွေပါ။ ဖြတ်ညှပ်ကပ်လုပ်ရတာ ၀ါသနာပါပါတယ်။ ပေါက်ကရတွေတော့ လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်ဘလော့ ဘန်နာလေးကို ဖလက်နဲ့ လုပ်ကြည့်ဖူးပါတယ်။ အခုတော့ ပိုတိုရှော့နဲ့ လုပ်ထားတာလေး ဖန်တီးထားပါ။ ကျွန်တော်တော့ ကြိုက်တယ်။ ကိုယ်ဟာမိုလို့လေ။ အခုလဲ သူငယ်ချင်းဘလော့လည်ရင်း အားတာနဲ့ ဒါပဲထိုင်လုပ်နေမိတယ်။ ဗဟုသုတလဲရတယ်။ မှတ်သားစရာလေးတွေလဲရတယ်။ ပိုတို့ရှော့လဲ နည်းနည်းပါးပါးသိအောင်ဆိုပြီး ဖန်တီးထားကြည့်တာပါ။ အင်္ဂလိပ်၊ ပါဋ္ဌိတွေ မှားနိုင်ပါတယ်။ ဒါပေမယ့် မြန်မာလိုရေးထားတာတွေ တော့ မြန်မာတွေနားလည်နိုင်အောင,် ဖတ်နိုင်အောင် ကြိုးစားထားပါတယ်။ မြန်မာတွေနားလည်ဖို့ အဓိကပါပဲ။ အမှုနည်းပြီး အပြစ်ကင်းအောင် နေနိုင်ကြပါစေ။ Download
Facebook Account Hacking
7 years ago
ပုံလေးတွေက သေးနေတော့ အထဲကစာဖတ်ဖို့ ပုံကို ကလစ်နှိပ်နေရတယ်။ ပုံရဲ့အောက်မှာ စာလေးတွေကို ရေးထားရင် ပိုကောင်းမယ် ထင်တယ်နော်။ အဲဒီလို ပုံတွေ ဖန်တီးရတာ အကိုလည်း ဝါသနာ ပါတယ်။
ဟုတ်ကဲ့ အစ်ကို။ ညီဒေါင်းလုပ်လင့် ထည့်ပေးဖို့ မေ့သွားတာဗျ။ ၀ါသနာတူလို့ ဆုံကြတာာနေမှာပေါ့ အစ်ကိုရေ။ ကျေးဇူးတင်ပါတယ်။