Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)


ရောမမြို့တည်ဆောက်ချိန်
ရောမမြို့ကြီးကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့သလဲ။
ညမှာပါ။
ဘာလို့ညလို့ပြောရတာလဲ။
ဆရာပဲပြောတယ်လေ။ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့။


တာဝန်ကိုယ်စီ

မင်းရဲ့အိမ်စာတွေကို ဖြေဖို့ မင်းအဖေကိုချည်း အမြဲမေးနေတော့မှာပဲလား
အမေက အလုပ်မအားလို့ပါခင်ဗျ။


ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
-ကျွန်တော့်သားကို ခွင့်ပေးဖို့ ခွင့်တိုင်တာပါ။
- အခု ဖုန်းဆက်တာဘယ်သူလဲ။
-ကျွန် ...ကျွန်... ကျွန်တော့် အဖေပါ ဆရာကြီး။



အမေးနှင့် အမေး

-မင်းအမြဲသင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။
-ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။

မှန်လိုက်လေ
-၁၈ ရာစုက အဖြစ်အပျက်တွေ ထဲက တစ်ခုကို ပြောပြပါ။
အားလုံးတိတ်ဆိတ်သွားသည်။
-သူတို့အားလုံးသေကုန်ပြီး။

3 comments

  1. ဟာသလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူး

     
  2. ဟာသဖတ်သွားပါတယ် ပျော်ရွှင်ပါစေရှင်

     
  3. Welcome Says:
  4. ဘ၀အမောတွေကြားမှာ စိတ်ပျော်အောင် ဟာသလေး လာဖတ်ပါတယ်။ ဆက်လက် မျှဝေပေး နိုင်ပါစေ

    လေးစားလျက်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ