
ပါမောက္ခဂျက်ဖ်ဟာ တစ်နေကုန်တစ်နေခန်း စာသင်၊ ညပိုင်းကျတော့ သုတေသနလုပ်ငန်းတွေလုပ်နဲ့ အလွန်လုပ်များသူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခါတစ်ရံတော့ ညပိုင်းတွေမှာ အင်တာနက် ထဲဝင်ပြီး စစ်တိုက်တမ်းကစား တတ်တယ်။ ဒီညတော့ သူနဲ့အတူ တွဲပြီးကစားရတဲ့အဖော်က စစ်ရေးစစ်ရာ အတော်ကျွမ်းကျင်ပြီး ရဲရင့်သူဖြစ်တယ်။ သူရဲ့ဦးဆောင်မှုနဲ့ သူတို့နှစ်ဦး ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်လိုက်တာ စစ်ပွဲခြောက်ပွဲတောင် အနိုင်ရလိုက်တယ်။ အဲဒီအချိန်မှာပဲ သူရဲ့ကစားဖော်က “ဟေ့ သူငယ်ချင်း၊ ငါ့ကို အမေက အိပ်ရာဝင်ခိုင်းနေပြီးကွ ”
လို့ သတင်းပေးတယ်။ ပါမောက္ခဂျက်ဖ်က သူ့ကစားဖော်ကို နှုတ်ဆက်ရင်း သူ သိချင်တာတစ်ခုကို မေးလိုက်တယ်
“ မင်းအသက် ဘယ်လောက်ရှိပြီးလဲ ”
“ ၁၂ နှစ်၊ မင်းကရော ”
သူ့ရဲ့စစ်သူကြီးဆီက အဖြေနဲ့အတူ အမေးပါ တစ်ခါတည်း ပြန်မေးတယ်။
ပါမောက္ခကြီး ရှက်ရှက်နဲ့ ပြန်ဖြေလိုက်တယ်။
“ ရှစ်နှစ် ” ဟု ဆိုသတဲ့။
Melbourne near me Trusted Removalist
1 year ago




ကျေးဇူးတင်ပါတယ် အမောပြေလေးတွေ ရေးပေးတာလေ
အားရဝမ်းသာလာဖတ်တယ်
အလုပ်ကပင်ပန်းတာပျောက်သွားသလိုပဲ
အိုင်ဒီယာလေး ကောင်းတယ်
ဟီ.. ညာတာ ညာတာ :P
အင်း ဟုတ်တယ်နော်။ တခါတလေ ကလေးတွေနဲ့နေရတာ ကိုယ်တိုင် စိတ်ပျိုကိုယ်နုသွားတယ်။