Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

လွမ်းတတ်ပါပြီး

Posted by thawzin Saturday, April 25, 2009


ပိတောက်တွေလဲပွင့်ခဲ့ပြန်ပြီး
အပူသရုပ်ဖော်တဲ့နွေဥသြငှက်လဲတွေ့နေရပြန်ပြီး..။
အလုပ်သိပ်ရှုပ်တဲ့မိုးသရုပ်က
တိမ်မိလ္လာဆင်တွေလဲ ဝေ့၀ဲနေကြပြန်ပြီးလေ..။
ဆောင်းဆိုတာမိုးပြီးရင်သူ့အလှည့်ဆိုတော့
သူလဲပဲလာပြန်ပြီးပေါ့ကွာ..။
နှစ်လတွေသာပြောင်းလာခဲပါတယ်
မင်းအတွက်အရင်နေရာဟောင်းကတော့
အခုထိလစ်လပ်ဟာနေဆဲပါ..။
ဘယ်သူကိုမှအစားမထိုးခဲ့သလို
ဘယ်သူကိုမှလဲ အ၀င်မခံခဲ့ဘူးချစ်သူ..။
တကယ့်အချစ်နဲ့ ငါလေ.....
ပေးဆပ်ရင်စောင့်မျှော်နေဆဲပါ..။
အဆိုးနဲ့အကောင်း
အလှည့်အပြောင်းကလဲမြန်လိုက်တာနော်..
မင်းအချစ်ကိုရခဲ့တော့
ငါဟာအတိုင်းမသိဝမ်းမြောက်ခဲ့ရတယ်
မင်းနဲ့ဝေးကြတဲ့အခုချိန်ကျတော့
ငါဟာအတိုင်းမသိခံစားနေရတယ်...။
ကွေ့ကွင်းခြင်းဒုက္ခနဲ့မျှော်နေရတဲ့ဆင်းရဲဟာ
အခုချိန်မှာ အနီးဆုံးသူတွေဖြစ်ကုန်ပြီး..။
မင်းအတွက်နေရာက
သူတို့နဲ့ပဲအစားထိုးခဲ့တော့မှာလားကွာ..။
သတင်းသဲ့သဲ့နဲ့
မင်းအကြောင်းကိုစုံစမ်းကြည့်တော့
တကယ်ပဲယုံတမ်းစကားတွေလား
ရင်ခွင်အသစ်နဲ့
မင်းကတော့ တကယ်အချစ်စစ်တွေနဲ့လား
အတွေးပေါင်းများစွာ,
လား ပေါင်းများစွာနဲငါကျန်ရစ်နေခဲ့ပြီး..။
အတူဆုံကြနေရာလေးမှာ
ငါလေမင်းကို
လာနေကျလမ်းကိုသေချာကြည့်
မလာမှန်းသိနေပေမယ့်
မျှော်နေတတ်တဲ့ ငါ့နှလုံးသားက
နောင်တမရတတ်သေးဘူး....။
အနှောင်များနဲ့
ရောင်စုံများကြားက မိန်းကလေးရေ
မျှော်ငေးခြင်းအကြည့်တွေနဲ့
ဖြူစင်စွာ ငါဟာ တောင်းတနေမိခဲ့တာပါ...။
ငါ့ရဲ့မျှော်လင်းခြင်းတွေက
ဝေဒနာအသွင်းပြောင်း
ဒီရင်ခွင်ဟောင်းမှာတော့
ထာဝစဉ်သောင်းကျန်းနေကြတယ်..
တကယ်ပါမင်းကြောင့် ငါလွမ်းနေတာ....။ ။

2 comments

  1. kiki Says:
  2. ကိုသော်ရေ ။
    မတတ်သင့် မတတ်ကောင်းတာတွေထဲမှာ အလွမ်းဆိုတာကြီးလဲ ပါတယ်နော် ။
    ဖြစ်နိုင်ရင် မလွမ်းပါစေနှင့် ။ ကိုယ့်ဒုက္ခ ကိုယ်မရှာနေနဲ့ ပေါ့ ..ခင်လို့ မင်လို့ ပြောပြတာ။ကိုယ်တိုင်လည်း လွမ်းဒုက္ခ ကိုခံစားနေရလို့ လေ ။ ပျော်ရွှင်ပါစေ ။။

     
  3. မျှော်လင့်ခြင်းဆိုတာ နောက်ဆုံးအသက်ပဲလေ..
    ဘာပဲဖြစ်ဖြစ် မျှော်လင့်ခြင်းလေးမှ မရှိခဲ့ရင်.....
    သရုပ်ပေါ်အောင်ရေးနိင်စွမ်းရှိလွန်းတယ်..
    ကဗျာကောင်းလေး တပုဒ်ပါဗျာ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ