တစ်ခါတုန်းက အလုပ်သမား လျှောက်လွှာ မှတ်ပုံတင်တဲ့ ဋ္ဌာနတစ်ခုမှာ မပူတူးဆိုတဲ့ အမျိုးသမီး တစ်ယောက် သုံးနှစ်အရွယ် သမီးနှင့် အတူ အလုပ်လုပ်ရန် မှတ်ပုံတင်ဖို့ ရုံးကို ရောက်လာခဲ့တယ်။ မှတ်ပုံတင် လက်ခံတဲ့ စာရေးလေး စားပွဲမှာ လူများနေတော့ မပူတူးက မလှမ်းမကမ်းမှာ ရှိတဲ့ထိုင်ခုံမှာ သမီးနှင့်အတူ ထိုင်စောင့်နေတယ်။ စာရေးလေး စားပွဲမှာ လူရှင်းတော့ မပူတူးက စာရေးလေး စားပွဲထံ ထလာခဲ့တယ်။ စာရေးလေးက နာမည်ပြောလို့ မေးတော့ မပူတူးက မပူတူးပါလို့ ဖြေလိုက်တယ်။ ပြီးတော့ စာရေးလေးက အမျိုးသားမှတ်ပုံတင်ပါလို့ မေးတော့ မပူတူးက ဟော့တော့ သူက မနေ့တုန်းကမှ ခရီးထွက်သွားတော့ ယူမထားလိုက်ရဘူးလို့ ဖြေပါတယ်။ ဒါနဲ့ စာရေးလေးက ထပ်မေးတယ်။ မပူတူးရဲ့ အမျိုးသား မှတ်ပုံတင်ကို ပေးပါလို့ ပြောတယ်။ မပူတူးကလည်း ဘာပြန်ပြောသလဲဆိုတော့ စောစောက ပြောတဲ့ သူဆိုတာ ကျွန်မ ယောက်ျားပါ၊ တကယ်ခရီး ထွက်သွားလို့ အိမ်စောင့်မရှိလို့ တောင်မှ သူနဲ့ရတဲ့ သမီးလေးကို ခေါ်လာခဲ့ရတယ်၊ ဟိုခုံမှာ ထိုင်နေတဲ့ကလေးမလေးပဲ။ ဒီအချိန်မှာ စာရေးလေးက စိတ်ပျက်သော အမူအယာဖြင့် ကုလားထိုင် နောက်မှီကို မှီပြီး ခေါင်းကုတ်နေမိတယ်။ ခဏနေတော့ ကုလားထိုင် နောက်မှီမှ ခွာပြီး ခါးကို ရှေ့စားပွဲသို့ ကုန်းခါ မပူတူးကို ပြောလိုက်ပုံက -
ဒီတော့မှ မပူတူး ဖြေလိုက်ပုံက
“ အော်ဒါလား ” ဆိုပြီး သူမ၏ ပိုက်ဆံအိပ်ထဲမှ သူမ၏ မှတ်ပုံတင်ကို ထုတ်ပေးလိုက်သတဲ့။
အမျိုးသမီးမှတ်ပုံတင်ပြပါ..ဟဲဟဲ...။
..ခင်မင်သောအားဖြင့်...
ဪ... ဖစ်မှ ဖစ်ရပလေ မပူတူးရယ်...နိုင်ငံသားမှတ်ပုံတင်ပြပါဆိုရင် ဒွတ်ခပါဘဲနော်...