wallpapers တွေပါ။ ကျွန်တော်ကတော့ wallpapers လှလှလေးတွေ စုဆောင်းရတဲ့ ၀ါသနာပါတယ်။ ဒါလဲ ဆိုဒ်တစ်ခုက တွေ့လို့ ဒေါင်းယူထားတာပါ။ ကျွန်တော့်ရဲ့ ဘလော့ မိတ်ဆွေကို မျှဝေချင်လို့ပါ။ လိုချင်သူများ ရှိမလားလို့ပေါ့။ ပြီးတော့ wallpapers တွေဖန်တီးရတာလဲ သဘောကျတယ်။ ပြီးတော့ မိမိဖန်တီးထားတဲ့ wallpapers လေးတွေနဲ့ မိမိရဲ့ ကွန်ပျူတာကို အလှဆင်ရတာလဲ နှစ်သက်စရာပါ။ အပေါ်က ပြထားတာကတော့ သူများတွေ ဘယ်လို ပုံယူတယ်မသိဘူး။ ကျွန်တော်ကတော့ print screen နိုပ်ပြီး ယူထားတာပဲ။ လိုချင်သူများအတွက် အောက်မှာ upload လုပ်ပေးထားပါတယ်။ uploadလုပ်ရတာလဲ ကန့်သတ်ချက်တွေရှိတော့ လွယ်ပါဘူးဗျာ။ multiupload တစ်ခုပဲ ကံကောင်းလို့ ရတာ။ ကျန်တဲ့ upload.com တွေ တင်လို့ကို မရဘူး။ wallpapers လေးတွေနဲ့ပဲ ဆားချက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းလင့်။
cartoon girl.rar
Funny Animal Characters.rar
cartoon wall.rar
Melbourne near me Trusted Removalist
1 week ago
အိုးး
ဝေါပေပါတွေ ထဲကနေဆားချက်လို့ ရတယ်လား . ခုမှ သိတယ် ။။ ဆားထိရင်ရော ပျက်မှာလား..
ဘာဆားချက်တာလဲ လို့  ..သိန္ဓောဆား ဆိုရင်တော့ ဆေးဖက်ဝင်မှာ နော် ...
ပြောပြပါဦး ဒီင်္ဟာတွေကို နံရံမှာ ဘယ်လို ကပ်ရမလဲ ဆိုတာ ..
လျှိုမထားနဲ့ နော် .. ပြောမှပြော အကုန်သာပြောပေရော့
wallpapers လှလှလေးတွေ စုရတာပဲဝါသနာပါတာလား? မိန်းမလှလှလေးတွေရော??
လူတစ်ကိုယ်၊ဝါသနာတစ်မျိုးစီပါ။ ကိုယ်ဝါသနာပါရာကိုယ်လုပ်
နေရရင် သိတ်ကလေးညိမ်နေတာပေါ့ ဗျာ။