Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဖတ်သင့်တယ်(၁)

Posted by thawzin Friday, June 12, 2009 3 comments

ဖတ်သင့်တယ်လို့ ယူဆလို့ မဖတ်မိကြမှာ စိုးသောကြောင့် ဖတ်သင့်တယ်လို့ ခေါင်းစဉ် တင်လိုက်ရတာပါ။ စိတ်ဝင်စားမယ့်ထင်တဲ့ မေးခွန်းလေးနဲ့လဲ ခေါင်းစဉ် တင်မလိုပါပဲ ခေါင်းစဉ်ကမေးခွန်းက ရှည်လွန်းသည် ထင်၍ ဖတ်သင့်တယ် လို့ ခေါင်းစဉ် တင်လိုက်ရပါသည်။ ဖတ်ရှု ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါသည်။ ကျွန်တော်၏ ကျေးဇူးနဲ့အတူ အသိတရားများလဲ ရအောင်ဖတ်ရှုနိုင်ပါစေ။
စိဝင်စားစရာ မေးခွန်းကတော့ လူတွေ ပြုလုပ်နေတဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေကို ဘယ်သူတွေ ဘယ်လို ခံစားရသလဲ? စာဖတ်သူ ဘယ်သူတွေခံစားသည် ထင်သနည်း။ ဖြေကြမယ် ကိုယ်ပဲခံစားရမယ်ပေါ့။ ဟုတ်တော့ဟုတ်တယ် ဘယ်လိုခံစားသလဲ? အောက်က ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။
သက်တော ၉၉ နှစ၊် ၉ လ၊ ၉ ရက် နေတော်မူ သွားသော ဓါတ်တော်ကျ ရဟန္တာဘုန်းတော်ကြီး ဦးသာရွှန်း၏ ဩ၀ါဒ ထဲမှ ထုတ်နုတ် ဖော်ပြချင်းဖြစ်ပါသည်။ ၎င်းဩ၀ါဒမှာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ကိုခွဲခြား သိအောင် ရေးသားထားသော ဆောင်းပါ နှစ်ပုဒ် ဖြစ်ပါသည်။
၂၀၀၀ ခုနှစ်၏ မိုးတွင်းကာလပင်ဖြစ်၏။ ကျွန်ုပ်နေထိုင်ရာ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းရှေ့တွင် ကုက္ကိုပင်ကြီး နှစ်ပင်ရှိ၏။ အရိပ်အာဝါသကောင်းသဖြင့် လမ်းသွားလမ်းလာများ မကြာခဏ နားခိုကြ၏။ ခုံတန်းရှည်များနှင့် သောက်ရေအိုးစင် တစ်ခုကို စီမံပေးထားခြင်းကြောင့်လည်း လူပုဂ္ဂိုလ်များသာမက ရဟန်းသာမဏေများပင် ၀င်ရောက်နားနေ တတ်ကြ၏။ ဤအမှတ်(၆) ရပ်ကွက်အတွင်းတွင် ဘုန်းကြီးကျောင်းပေါင်း (၇၀) ခန့်ရှိ၏။ ရန်ကုန်ဘုန်းကြီးလမ်းရှိ သရက်တောတိုက် ကဲ့သို့ ဘုန်းကြီးကျောင်း ရပ်ကွက်ကြီးတစ်ခုပင်ဖြစ်၏။ ဤ တစ်ရပ်ကွက်လုံးတွင် ကျွန်ုပ်ကျောင်းမှ ရေသည် အကောင်းဆုံးအလေးပင်ဆုံး ဖြစ်နေခြင်းပင်။ ရန်ကုန်မြို့ပေါ်မှ ဒကာများပင် ဂျိုးဖြူ ရေထက်ပင်ကောင်းသည် ဟု ချီးမွမ်းကြ၏။ ကျွန်ပ် စာချဘုန်းကြီးဘ၀က စာသင်သား သံဃာ (၃၀) ကျော်အတွက် တစ်နေ့လျှင် ရေစည် ၂၀ ခန့် သုံးနှစ်ကြာ တုံကင်နှိပ်လှူခဲ့သော ကုသိုလ်ကြောင့်ဟု ထင်မိ၏။ ထိုသို့ ရေကောင်းသဖြင့်လည်း လူရော ရှင်ရဟန်းပါ နားနားနေနေ ရေ၀င်သောက် ကြခြင်းဖြစ်၏။ ထိုရက်က ကျွန်ုပ်တို့ နေ့ဆွမ်းစားပြီးစအချိန်တွင် ဖြစ်၏။ ကျောင်းရှေ့ ကုက္ကိုပင်အောက်တွက် အသက် အစိတ် သုံးဆယ် ၀န်းကျင်ရှိ မိန်းကလေးသုံးယောက် မယောင်မလည် ရပ်နေသည်ကို တွေ့ရ၏။ သုတို့ အမူအရာမှာ တစုံတခုကို မဆုံးဖြတ်နိုင် ဖြစ်နေဟန်ကို တွေ့ရသဖြင့် ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်၏။

မိန်းကလေး သုံးယောက် မယောင်မလည်နှင့် လိုက်ပါလာကြ၏။ ရောက်လာသော နှစ်ယောက်က ကျွန်ုပ်ကို ဦးချသော်လည်း ကျန်တစ်ယောက်က ဦးမချနိုင်ဘဲ သူ့လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ပ၀ါနှင့် စပယ်ပန်း တစ်ကုံးကိုသာ မျက်လုံးအ၀ိုင်းသာနှင့် စိုက်ကြည့်နေ၏။ ဘယ်လိုသဘောပါလိမ့်ဟု ကျွန်ုပ်ပင် တွေးမရအောင် ဖြစ်သွားသဖြင့် ထုတ်မေးလိုက်ရ၏။ “ ဒါယိကာမလေး အဲဒီလက်ကိုင်ပ၀ါနဲ့ ပန်းမှာ ဘာထူးခြား ချက်ရှိနေလို့လဲပြောပါဦး ”
သူက ကျန်နှစ်ယောက်ကို မေးဆက်ပြပြီး ပြောလိုက်ရမလားဟု ခွင့်ပြုချက်တောင်း၏။ ကျန်နှစ်ယောက်က ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်၏။ ထိုအခါ ကျမှသူမသည် လက်ကိုင်ပုဝါနှင့် စံပယ်ပန်းကုံးကို ဘေးကိုချထားပြီး လျှင်ကျွန်ုပ်ကို ဦးချ၏။ ပြီးလျှင် လက်ကိုင်ပုဝါနှင့် စံပယ်ကုံးကို လက်ညှိုးထိုးပြပြီး ပြော၏။
အဲထဲမှာ တပည့်တော်တို့အဖွားရဲ့ ၀ိညာဉ်ကောင်လေးရှိတယ်ဘုရား ”
“ဟေ”
ကျွန်ုပ်ပါးစပ်မှ ထိုအာမေဋိတ်တစ်ခု သာထွက်နိုင်တော့သည်။
“ အစအဆုံးရှင်းပြစမ်းပါဦး၊ မင်းတို့ အဖွား ၀ိညာဉ်ကဘယ်လိုလုပ်ပြီး ဒီလက်ကိုင်ပုဝါထဲ ရောက်နေရတာလဲ ”
“ ဒီလိုပါဘုရား လွန်ခဲ့တဲ့ တစ်ပတ်က တပည့်တော်တို့ အဖွားဆုံးပါတယ်။ ဒီလက်ကိုင်ပုဝါနဲ့ ပန်းကုံးလေးက အဖွားသုံးခဲ့တာပါ။ သုဿန်မှာသဂြိုဟ်ပြီးတဲ့အခါ ရက်လည်ဆွမ်းကျွေးပြီး အဖွားကို အမျှပေးဦးမယ်။ အခု အိမ်ကိုလိုက်ခဲ့ပါလို့ ပြောပြီး အဖွား ၀ိညာဉ်ကို ခေါ်ခဲ့ကြပါတယ်။ ကျွန်ုပ်မှာ သူတို့ စကားကို ရယ်ချင်သော်လည်း သူတို့ကို အားနာသဖြင့် မရယ်မိပါ။ အလိုက်တသင့်လှမ်းမေးရင်း စိတ်ဝင်တစား နားထောင်နေရသည်။
ဒါနဲ့ မင်းတို့ အဖွား ၀ိညာဉ်က အခုရက်လည်ဆွမ်းကျွေးပြီး အမျှလည်း ဝေပြီးလို့ အဖွားဝိညာဉ်လေးကို အရိပ်အာဝါသကောင်းတဲ့ သစ်ပင်နားမှာ သွားထားပေးပါလို့ မိဘများက ခိုင်းလို့ တပည့်တော် တို့လာထားတာပါ။ အဲဒါ ဆရာတော်က ကျောင်းထဲကို ခေါ်လိုက်တော့ လက်ကိုင်ပုဝါကို ကြမ်းပြင်ပေါ်မှာ ချမိသွားပြီး ”
“ အဲဒီတော့ ဘာဖြစ်လဲ ”
“ အဖွားဝိညာဉ်လေးက လက်ကိုင်ပုဝါချတဲ့နေရာမှာ နေမှာတဲ့ ဘုရား ၊ အဲဒါဆိုရင် အဖွားဟာ ဆရာတော် ကျောင်းထဲမှာပဲ နေတော့မယ်ထင်တယ် ”
“ သြော် လက်စသတ်တော့ မင်းတို့က သရဲလာအပ်တာကိုး။ ရပါတယ်။ ငါ့ကျောင်းက ကျောင်းသား ကိုရင်တင် လက်ခံတာမဟုတ်ဘူး သရဲလဲ လက်ခံတယ် ”
ကျွန်ုပ်စကားကြောင့် သူတို့သောကများ တဒင်္ဂပျောက်သွားပြီး ရယ်မောကြသည်။ သူတို့နေထိုင်ရာရပ်ကွက် နှင့် လမ်းကို မေးမြန်းကြည့်သောအခါတွင်မှာ ကျောင်းမှ ဦးပဉ္ဇင်းတစ်ပါး၏ ဆွမ်းခံအိမ်ဖြစ်နေသည်ကို သိ၏။ သူတို့သုံးယောက်တွင် နှစ်ယောက်က ဘွဲ့ရကျောင်းဆရာမများ ဖြစ်ကြ၏။ ထိုနှစ်ယောက်တွင် တစ်ယောက်က စိတ်ဝင်တစား မေးခွန်းတစ်ခုကို မေးလာ၏။
“ဆရာတော် ၀ိညာဉ်ဆိုတာ ဒီလိုခေါ်လို့ရသလား ”
“အင်း လောကီရေးမှာသာ ဘွဲ့ရကြတာ။ ဘာသာရေးမှာတော့ မူလတန်းအဆင့်တောင်မရောက်သေးပါလား ” ဟု ယခုခေတ် လူငယ်များအတွက် အားမလို အားမရဖြစ်မိ၏။
ဝိညာဉ် ဆိုတာကိုက မရှိပါဘူး။ လူတစ်ယောက်မှာ အာရုံကို မသိတတ်တဲ့ ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိပါတယ်။
မြင်တာကရုပ်၊ သိတာကနာမ်
ကြားတာကရုပ်၊ သိတာကနာမ်
နံတာကရုပ်၊ သိတာကနာမ်
စားတာကရုပ်၊ သိတာကနာမ်
ထိတာကရုပ်၊ သိတာကနာမ်
တွေးတာကရုပ်၊ သိတာကနာမ်
လို့မှတ်ထားပေါ့။ ဒီထဲက အာရုံကို သိစိတ် နာမ်တရားကိုပဲ ၀ိညာဉ် ကောင်လို့ ထင်ပြီး မှန်းဆပြောနေကြတာပါ။ ခုလို ကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်ပေါ့။ ရုပ်အနိစ္စ အမြဲမရှိလို့ ၀ိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အလုံးအခဲ အရည်အဖတ် အမှုန်အမွှား ရယ်လို့ မရှိဘူး။ သဘောတရားမျှပဲရှိတယ်။ ရုပ်ရဲ့ အဓိပ္ပါယ်ကတော့ ဖေါက်ပြန် တတ်တဲ့သဘောတရား လို့ ဖြစ်တယ်။ တစ်ခုခြင်းပြောရရင် ပထ၀ီဓါတ်ဟာ မာတဲ့သဘော ပျော့တဲ့သဘောလေး ပဲပေါ့။ အာပေါဓါတ်ဟာ ဖွဲ့စည်း တဲ့သဘော ယိုစီးတဲ့ သဘောလေး ပဲပေါ့။ ဒီပရမတ်ရုပ်တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ (၅၈၈၀) ကျော်ဖြစ်ပျက်နေကြတယ်။ သိတတ်တဲ့ နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေတစ်သိန်းဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲ ပျက်နေတာပဲ ရပ်နားနေကြတယ် လို့မရှိပါဘူး။ သံဃာ ဆိုတဲ့ စကားနှစ်လုံးကို ပြောလိုက်တဲ့အခါ “သံ ”ကိုပြောသခိုက်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ် တရားတွေဟာ “ ဃာ ” ဆိုတဲ့ ဒုတိယမြောက် စကားလုံးရောက်ချိန်ထိ မခံကြတော့ဘူး။ “ သံ ” ဆိုတဲ့ စကားလုံးပြောပြီးအချိန်မှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီး၊ “ ဃာ ” ဆိုတဲ့ နောက်စကားလုံးကို နောက်ထပ် ရုပ်သစ် နာမ်သစ်နဲ့ ပြောနေရတာပေါ့။ ဒါကြောင့် အမြဲတမ်းမရပ်မနား ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ မပျက်မစီး အမြဲတည်နေတဲ့ ၀ိညာဉ်ကောင် အဖြစ် ဘယ်မှာ ရှိနိုင်ပါ့မလဲ။ ”
“ ဒါဆိုရင် သေသွားတဲ့ သူဟာ (၇) ရက်အတွင်း ဘယ်မှ မသွားပဲ အိမ်ဝိုင်းထဲမှာ ပဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား ”
“ ဘယ်ဟုတ်တော့မှာလဲ၊ အရင်းလဲ အဖျားထင် ဖြစ်ပေါ့။ ၀ိညာဉ်ကောင်လို့ မှ မရှိပါဘူး ဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇) ရက် လာနေလို့ရပါ့မလဲ ”
ယခုလို ရှင်းပြတော့လည်း သူတို့ ထိုက်သင့်သလောက် သဘောပေါက်သွာဟန်တူသည်။ စိတ်ဝင်တစား ရှိလာကြသည်။ တစ်ယောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးခွန်း တစ်ခု မေးလာ၏။
“ ဒီလို အမြဲတမ်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ နောက်ဘ၀ကို ဘယ်လို ကူးသွားသလဲဘုရား၊ ဒီမှာ ၀ိညာဉ်ကောင် မရှိဘူးဆိုရင် အခုဘ၀ပြုခဲ့တဲ့ ကုသိုလ်, အကုသိုလ် ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုး ကို ဘယ်သူတွေက ခံစားသလဲဘုရား ။ ”
ယင်းကဲ့သို့သော မေးခွန်းမျိုးကို ကျွန်ုပ် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရ၏။ ဆရာကြီး ဦးဗဂျီငို ရေးသားသော ဂမ္ဘီရ၀ိပဿနာရှုပွားကျမ်း ဒုတိယအတွဲတွင် ဖြစ်၏။ ဆရာကြီး အမေရိကန် ရောက်စဉ်က မေးမြန်းကြသော မေးခွန်းများအနက် တစ်ခုဖြစ်၏။ ယင်းစာအုပ် ၌မေးခွန်းကိုသာ ဖော်ပြထားသော်လည်း အဖြေကိုကား ရေးမထားပါ။ စာပေဗဟုသုတ် ရှိသောသူများအတွက် အဖြေမှာ မခဲယဉ်းဟု ရေးထား၏။ စာပေဗဟုသုတ် မရှိသော သူများအတွက်ကား ခဲယဉ်းသော မေးခွန်းတစ်ခုပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း အသေအချာသိသင့်၏။ ထို့ကြောင့် စိတ်ရှည်ရှည်ပင် ရှင်းပြရ၏။
ပုထုဇဉ်တွေသေရင် ရောက်နိုင်တဲ့ ဘုံငါးမျိုး ရှိတယ်။
လူဘုံရောက်နိုင်တယ်
နတ်ဘုံရောက်နိုင်တယ်
ငရဲဘုံရောက်နိုင်တယ်
ပြိတ္တာဘုံရောက်နိုင်တယ်
တိရစ္ဆာန်ဘုံရောက်နိုင်တယ်
“ အသူရကာယ်နဲ့ ဗြဟ္မာဘုံရော မရောက်နိုင်ဘူးလား ဘုရား ”
“ ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလို ဒေ၀သဒ္ဒါဟာ ဗြဟ္မာကိုလည်း ဟောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါကြောင့် ပြိတ္တာထဲမှာ ထည့်ထားတာ ”
ဟိုဘက်ဘုံ အသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်က ဘ၀က ရုပ်တရား နာမ်တရားတွေ တစ်ခုမှ ပါမသွားကြဘူး။ ဒါပေမယ့် ဒီဘ၀က နာမ်နဲ့ ကင်းတော့ မဖြစ်ကြဘူး။ အသစ်ထပ်ထပ်ဖြစ်ကြရတာ။ ဒီဘက်ဘ၀ နေခင်း (၁၂) နာရီက သေမယ်ဆိုရင် ဟိုဘက်ဘ၀ မိခင်ဝမ်းထဲမှာ (၁၂) နာရီတိတိမှာ သွားဖြစ်တယ်။ ရုပ်သစ် နာမ်သစ် အသစ်ဖြစ်တာကို ပြောတာနော်။ ဒီဘက်ဘ၀က ၀ိညာဉ်ကောင်လေးက ဟိုဘက်ဘ၀ မိခင်ဝမ်းထဲဝင်သွားတာလို့ ထင်မနေနဲ့။
သေသွားတဲ့ အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ ဝေတဲ့ အမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ ဘုရား ”
“ ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါပေမယ့် ဒီကုသိုလ်တွေက အလကား ဖြစ်မသွားပါဘူး။ ဒီကုသိုလ်ရဲ့ ကောင်းကျိုး, ဆိုးကျိုးကို ပြုတဲ့သူ ခံစားရမယ်။ ဘ၀အဆက်ဆက်တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးဟောင်းတွေ အများကြီးရှိတယ်။ သူတို့တစ်တွေလဲ သာဓုခေါ်နိုင်တယ်။ ”
“ ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသူကို ရည်မှန်းပြီး လှူတဲ့ အလှူကိုတော့ ဧကန် မုချပြုသင့်ပါတယ်။ သေပြီး နတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ ပဋိသန္ဓေ ဟာ တစ်ဆက်တည်း နေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ဆိုတာ နောက်ဘ၀မှာ အသစ်ဖြစ်တဲ့ စိတ်။ သူတို့ နှစ်ခု အကြားထဲမှာ ဘာမှမရှိဘူး။ ချက်ချင်းပဲ။ သဂြိုဟ်မှာတော့ အနန္တရမေ၀ဆိုတဲ့ ပါဠိနဲ့ပြတယ်။ မြန်မာလိုတော့ ချက်ခြင်းပေါ့။ ကျန်တဲ့ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်း သွားဖြစ်တာပဲ။ အိမ်နားမှာ (၇) ရက်နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲ ရှိတယ်။ ဒီပြိတ္တာဘုံဘ၀ရောက်ခဲ့လျှင် ကျွတ်လွတ်ပါစေဆိုတဲ့ စေတနာနဲ့ ဆွမ်းသွတ်တဲ့ ကုသိုလ်ကို ပြုကြတာဖြစ်တယ်။
“ ဒီဘက်ဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်လည်းပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာကို ဆက်ရှင်းပါဦးဘုရား ”
“ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ပြုတဲ့အခါ ဇောစေတနာတွေ ဖြစ်တယ်။ ဒီဇောစေတနာတွေဟာ နာမ်တရား ဖြစ်လို့၊ ဖြစ်ပြီး ပျက်သွားတာမှန်ပေမယ် နောက်ဘ၀မှာ ကောင်းကျိုး ဆိုးကျိုး ဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ ခေါ်တဲ့ ကံနဲ့ ခန္ဓာ ဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀သစ် ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ ”
“ ပုံစံနဲ့ ပြောကြည့်မယ်၊ ကျောင်းဒကာ အနာထပိဏ် သေတယ်။ ကျောင်းလှူတဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားလာဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓအလိုကျ ယူရမှာက နတ်သားလာ ဖြစ်တဲ့အခါမှာ အနာထပိဏ်ဘ၀က ရုပ်တရား နာမ်တရားတွေ နတ်ပြည်ကို တစ်ခုမှ ပါမလာဘူး။ ”
“ ဒါပေမယ့် အနာထပိဏ် ရဲ့သေခြင်းနဲ့ ကင်းပြီးတော့ လည်း နတ်သားလာ မဖြစ်နိုင်ပြန်ဘူး ”
“ သိပ်ခက်တယ် ဘုရား တပည့်တော် တို့ဉာဏ် နဲ့ မလိုက်နိုင်တော့ဘူး။ ”
“ ဒီလိုဆိုရင်လဲ ဥပမာ ပေးပြီး တစ်မျိုးကြိုးစားကြည့်မယ် ဋီကာကျော်ကျမ်းမှာတော့ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုး ပေးထားတယ် ”
မီးတိုင်ရယ်
တံဆိပ်တုံးရယ်
ပဲ့တင်သံရယ်ပဲ။
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင် ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့ မီးဟာ ပထမအတိုင်က ကူးလာတဲ့ မီးတွေလား။? ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့ မီးတွေလား ? ဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေက ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မီးနဲ့ ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင်ဟာ မီးမတောက်နိုင်ပါဘူး။ ထို့အတူ ကျောင်းဒကာအနာထပိဏ်ဘ၀က ရုပ်နာမ် တရာတွေဟာ နတ်ပြည်ကို တစ်ခုမှ ကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ ကင်းပြီးတော့လည်း နတ်ပြည်မှာ နတ်သား လာမဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်သွယ်မှုလောက်ပဲရှိတယ် လို့ယူရမှာပေါ့။
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်းခေါင် ပေါ် ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့ နေရာမှာ သင်္ကန်းမှာ ထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ် မဟုတ်ဘူး။ ဒါပေမယ့် သံပြားက ဂဠုန်ရုပ်နဲ့ ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့ အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်ကကျောင်းဒကာ အနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ် နာမ်သစ် ထပ်ဖြစ်တာပါး ဒါပေမယ် လူ့ပြည်က အနာထပိဏ်နဲကလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါကတံဆိပ်တုံး ဥပမာပေါ့။
ပဲ့တင်သံ ဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ “ဟေး”်ကနဲ တစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ၊ တတိယ ပဲ့တင်သံများပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့ အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့ လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်စပ်မှုကတော့ ရှိနေပါတယ်။ ထို့ အတူ နတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲ့ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာထပိဏ်ရဲ့ ရုပ်နာမ်နဲလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင် ၀ိညာဉ်ကောင်ပါမသွားပဲ ဘ၀သစ်ဖြစ်ပုံကို မင်းတို့ နားလည်လောက်ပြီး ထင်တယ် ”
“ မှန်ပါ နားလည်ပါပြီးဘုရား ”
“ တကယ်နားလည်သွားတယ် ဆိုရင်တော့ သိပ်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်နာမ် တစ်ပါးပါးကို မပျက်မစီး အမြဲတည်တယ်လို့ အယူမှားတဲ့ သဿတဒိဋ္ဌိ ခံနေရင် ၀ိပဿနာ အားထုတ်တေင် တရားမရဘူး ဖြစ်တတ်တယ်။ အခုလို ရှင်းရှင်းလင်း လင်း နားလည်သွာတယ်ဆိုရင် မဂ်လမ်း ဖိုလ် လမ်း ပွင့်သွားတာပေါ့။”
ကောက်နုတ်ချက်လေးကတော့ ဒါပါပဲ။ စာဖတ်သူ သူငယ်ချင်းများလဲ မိမိသန္တာန်မှာ စွဲထင်နေသော အယူမှား အသိမှားများကို ပယ်သတ်နိုင်သော အကြောင်းအကျိုး နှစ်ပါးကို ဝေဖန်ပိုင်းခြားနိုင်သော, လူတော်လူကောင်း များဖြစ်နိုင်ကြပါစေ။ ဥပမာများနဲ့ ရေးသား ဖော်ပြှရှင်းပြထားသော ဆရာတော်ကြီးများကိုလဲ အစဉ်ဦးခိုက်ရိုသေလျှက်-
မှတ်ချက်။ ။ အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ “ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ” စာအုပ်မှ

"Angels"

Posted by thawzin Thursday, June 11, 2009 1 comments






သီချင်းစာသားလေးပါ

Send "Angels" Ringtone to your Cell
I sit and wait
does an Angel contemplate my fate
and do they know
the places where we go
when we?re grey and old
?cos I?ve been told
that salvation lets their wings unfold
so when I?m lying in my bed
thoughts running through my head
and I feel that love is dead
I?m loving Angels instead

and through it all she offers me protection
a lot of love and affection
whether I?m right or wrong
and down the waterfall
wherever it may take me
I know that life wont break me
when I come to call she wont forsake me
I?m loving Angels instead

when I?m feeling weak
and my pain walks down a one way street
I look above
and I know ill always be blessed with love
and as the feeling grows
she breathes flesh to my bones
and when love is dead
I?m loving Angels instead

and through it all she offers me protection
a lot of love and affection
whether I?m right or wrong
and down the waterfall
wherever it may take me
I know that life wont break me
when I come to call she wont forsake me
I?m loving Angels instead




ဘ၀ဟူသည် တစ်ခါတစ်ရံ တာဝေး ပြေးပွဲဖြစ်ပြီး တစ်ခါတစ်ရံ တာတိုပြိုင်ပွဲဖြစ်တတ်၏။ နှစ်ဦးချင်းယှဉ်ပြိုင် အနိုင်လုယူရသော လက်ဝှေ့ပြိုင်ပွဲမျိုးလည်း ဖြစ်တတ်သေးသည်။ ဘ၀ခရီးရှည်ကို လျှောက်လှမ်းသွားကြသူတိုင်းပြိုင်ပွဲအမျိုမျိုးကို တွေ့ကြုံရင်ဆိုင် ယှဉ်ပြိုင်ကြရလေ့ရှိ၏။ ပြိုင်ပွဲတိုင်း အနိုင်ရဖို့မလွယ်။ တချို့်ပြိုင်ပွဲများတွင် ရှုံးနိမ့်နိုင်သည်။ တစ်ခါတစ်ရံ ယှဉ်ပြိုင်ဖက်နှင့် လက်ရည်တူပါက သရေပွဲများလည်း ကြုံတွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယှဉ်ပြိုင်မှု၏ ရလဒ်ကို ကျေကျေနပ်နပ် လက်ခံရမည်ဖြစ်သည်။ အနိုင်ကိုလက်ခံဖို့ မခက်ခဲသော်လည်း ရှုံးနိမ့်ခြင်းကို လက်ခံနိုင်ဖို့ ခက်ခဲသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ထိုလက်ခံနိုင်ဖို့ ခက်ခဲသောအရာကို လက်ခံနိုင်သောသူသည် လူတော်ဖြစ်၏။ ထိုသူတို့သည် “ဘ၀” ဟူသည် တိုင်ပွဲပေါင်းများစွာနှင့် ဖွဲ့စည်းထားကြောင်း ကောင်းကောင်းသိရှိ နားလည်သူများလည်း ဖြစ်သည်။ ထိုကြောင့် လောက၌ အရှုံများစွာကို သင်ခန်းစားယူ၍ စိတ်ဓါတ်မကျဘဲ အကောင်းဆုံးအရှုံးသမားဘွဲ့ ကို ကြည်ဖြူုစွာ ခံယူနိုင်ကြဖို့လိုသည်။ အကောင်းဆုံးအရှုံးသမားဘွဲ့ကို ကြည်ကြည်ဖြူဖြူခံယူနိုင်ကြပါစေ။
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ ကူးယူသည်။

သဏ္ဍန်လုပ်သရုပ်ပေါ်

Posted by thawzin Saturday, June 6, 2009 0 comments


အလုပ်တွေ လျောက်တဲ့အခါ အသေအချာရချင်ရင်တော့ ဒီလိုလုပ်လိုက်ပါ။ တစ်ခုတော့ ရှိတယ်နော် အပေါင်းအသင်း တွေကောင်းကောင်း ရှိထားရမယ်..... ဘယ်လိုလုပ်ရလဲ ဒါလေးကြည့်လိုက်ပါ

“နွေရာသီ လေပူထုတ်
ပူအိုက်တဲ့လရာသီ
နေ၀င်ချိန်ညနေချမ်းမှာဖြင့်
မျှော်ငေးစရာရူမြင်ကွင်းတွေက
လွမ်းငေးလို့တမ်းချင်သည်”

မိုးယံ တစ်ယောက် ဒီနေ့ ရိပ်သာ မှာ ထမင်းသွားမစားနိုင်တော့သည်။ ညနေ အစောပိုင်းက သက်လုံပြေးခဲ့ရသည် မဟုတ်လား။ စားရိပ်သာမှ သစ္စာဆိုသံတွေက တစ်ပြိုင်တည်း ဟိန်းထွက်လာသည်။ နောက်ဆုံးနှစ် ဆိုတော့ အခွင့်အရေး ပိုရပါသည်။ ထမင်း မစားချင်ရင် သွားမစားပဲ နေလိုက နေနိုင်ပါသည်။ သို့သော် တရားဝင်တော့ မဟုတ်။ သက်လုံအပြေး အပြန် မောမောနဲ့ ရေတွေ တစ်ဝကြီး သောက်လိုက်၍ ထမင်းစားချင်စိတ်လဲ မရှိတော့ပေ။ သို့နှင့် ကော်ရစ်တာ အပြင် ထွက်ပြီး မွေးရပ်မြှေရှိရာဘက်သို့ မျက်နှာမူ မျှော်ငေးမိလိုက်ပါသည်။ တောင်ပေါ်မြို့ကလေး ဖြစ်၍ တမျှော် တခေါ် ကြီး ငေးကြည့်လိုက်မိသည်။ ၀င်ဆဲလုနီး နေမင်းက လက်ပြ နှုတ်ဆက်နေသည် အလား။ တိမ်မိလ္လာ တို့လဲ့ ရွှေရောင် တောက်လို့ ကျေးငှက် အချို့ အိမ်တန်း ပြန်ကြသည့်အထင့်။ တောင်ခြေ တစ်လျောက် တောမီးငွေ့များ တရွေ့ ရွေ့နဲ့ အတူ မိုးယံ တစ်ယောက် အတွေးရိပ်များ အတိတ်ဆီ သို့ ရောက်သွားခဲ့လေပြီး။

“ မိုးယံ ဒီပုစ္ဆာ ငါမရဘူး၊ တွက်ပြီးသားရှိရင် ငါပေးစမ်းပါ”
ကျွန်တော့်ထက် အသက် တစ်နှစ်ပိုငယ်သော ယွန်းသဇင် က အတင်းတောင်းတော့သည်။ ဒီကောင်မလေး အိမ်စာကို သေချာမလုပ် , ကျွန်တော်လဲ မလုပ်ပါဘူး၊ တကယ်တော့ သူကကျွန်တော့် ထက် စာပိုတော်သည်။ အရမ်း အနိုင်လိုချင်သူ၊ သူသာလျှင် အတော်ဆုံး၊ ဖြစ်ချင်သူလေးပါ။
အခုလဲသူက သူပုစ္ဆာ နဲ့ ကျွန်တော်ပုစ္ဆာ အဖြေ လွဲရင် ကျွန်တော် အမှားဖြစ်အောင် နိုပ်ကွပ်မလို့ စာအုပ်ငှားခြင်း ဖြစ်ပါသည်။ ကျွန်တော် မပေးချင်ပါ၊ ပြီးရင် သူတော်ကြောင်း သူတတ်ကြောင်း ကင်းပွန်း တတ်မဆုံးသော ချီးမွန်း စကားတွေ ကျွန်တော်ဆက်နားမထောင်ချင်တော့သည်။ ဒါကြောင့် မိုးယံ မတ်တပ်ရပ် ထပြီးတော့
“ ကျောင်းသွားမယ် မိယွန်း နင့်ကို ငါစောင့်နေတာ
သွားမယ်.... လာ”
“ ငါ့ကို နင့်စာအုပ်ပေးစမ်းပါ , နင်နော် ငါ့ကစေတနာနဲ့နော် ပြီးရင် အမှားတွေ တွက်လာအုံးမယ် ဟွန်း ”
“ နင့်အပူလား ”
“ ပြီးရော.... ပြီးရော...”
“နင်နဲ့ ကျောင်းမသွားဘူး၊ ငါပါသာ တစ်ယောက်တည်းသွားမယ် ဒါပဲ”
ခြေစောင့် ထွက်သွားတဲ့ သူပုံစံကြည့်ပြီး, ကျွန်တော် အရမ်းပျော်မိသည်။ ကလေး လေးလို့သူက အချွဲမလေးတစ်ယောက်ပါ။ သူစိတ်ကူးနဲ့ ထပ်တူမကျရင် လူကို စိတ်ဆိုးပြီး နှုတ်ခမ်းစူပုတ်၍ အရမ်းချစ်စရာ ကောင်းသော မိန်းကလေးတစ်ယောက်ပါ။ သူနဲ့ကျွန်တော် ကျောင်းအတူတတ်လာတာ အခုဆို ၁၀ တန်းရောက်နေပါပြီး ။ သူ့မိဘ ကျွန်တော်မိဘများသည် သာမန် အခြေအနေ အဆင့်လောက်သာ ရှိပါသည်။ တောင်သူ လယ်သမား သားသမီးများဖြစ်၍ ရွာကနေ မြို့မှာ ရှိတဲ့ ဦးလေး အိမ်မှာ အတူနေကျောင်းတတ်ကြရပါသည်။ ဦးလေးထွန်းမှာ ၉ တန်းတတ်နေသော ညီမလေး ယမင်းစိုးအတွက်လဲ စာကူပြဖေါ်ရတယ်ဆိုပြီး ကျွန်တော်တို့နဲ့အတူ စာအတူကျက် ကျောင်းအတူတတ်လုပ်ရသည်။ ညီမနှစ်ယောက်နဲ့ မိုးယံဘ၀ မသက်သာ၊ နှစ်ယောက်လုံးက အငယ်ဆိုတော့ အရမ်း အလိုက်အထိုက်နေရသည်။ ကျူရှင်ကိုတော့ ယွန်းသဇင်နှင့် တူတူတတ်ကြရသည်။ ယွန်းသဇင် မိဘများကလည်း မိုးယံကို ယွန်းသဇင်ကို စောင့်ရှောက်ဖို့နဲ့ မိုးယံလက်ထဲ စိတ်ချလက်ချအပ်ထား ကြပါသည်။ သို့အတွက် မိုးယံ ပိုမိုဂရုစိုက်ရသည်။ အစားအသောက်က အစ သူ့အကြိုက် လိုက်၍ ချက်ပြုတ်ရသည်။ သူတော့ ရှားရှားပါးပါး တစ်ပတ်မှ တနင်္ဂနွေတစ်ရက်သာ သူတာဝန်ယူသည်။ ဒါတောင် ထမင်း ဆို မိုးယံပဲ ချက်ရသည်။ ယွန်းသဇင် အမြဲတမ်း တာဝန်ယူသည်က ညစာကျက် အချိန်မှာ လက်ဖတ်သုတ်ခြင်းပင်။ သူလက်ယာ တော်တော်ကောင်းပါသည်။ ဆိုင်မှာလဲ လက်ဖတ်သုတ်ကို ၀ယ်မစားဖူးသည်လဲပါ၏ ။ ဒီနေ့ မိုးယံတစ်ယောက်တည်း ကျောင်းသွားရသည်။ မနေ့က ကျောင်းအပြန် မိုးယံနဲ့ ယွန်းသဇင် တို့ မိုးမိကြသည်။ ကောင်းမလေးတော့ ဖျားကျန်ခဲ့သည်။ သို့အတွက် မိုးယံ ခွင့်တိုင်စာနှင့် အတူ ကျောင်းသို့ ပျင်းခြောက်ခြောက် တစ်ယောက်တည်း သွားခဲ့သည်။
“ ဟယ်... ညည်း စက်ဘီးက ချိန်းကြိုးကျသွားတာ ဘယ်လိုလုပ်မလဲ ချိန်းဖုံးက ဖွင့်ရမှာ ကျောက်လှည့်လဲ မပါဘူး ဒုက္ခပဲ ဆင်းတွန်းရင် ကျောင်းက နောက်ကျဖို့သေချာပြီး ပြီးတော့ အသံ ထွက်နေသေးတယ် လူတွေကြည့်နေတော့မှာပဲ ”
မိုးယံလဲ ဒီနေ့ ယွန်းသဇင် နေမကောင်းလို့၊ ယွန်းသဇင် အတွက် ကူလုပ်ပေးရနဲ့ ကျောင်းနောက်ကျနေပြီး။ ဒါနဲ့ မိုးယံလဲ ခပ်သုတ်သုတ် ခြေလှမ်းနဲ့ ကျောင်းကို ပြေးသွားမှာပဲ တွေးပြီး ပြေးမလိုကြံမှ နောက်က လှမ်းခေါ်သံ လိုလိုကြား၍ နောက်ပြန်လှည့် မှ သြော် အခုနက ညည်းချင်း ထနေတဲ့ တောသူနှစ်ယောက်ဖြစ်နေသည်။
“ မိုးယံ....... မိုးယံ ”
“ ဟေ့ နင်မိုးယံ မဟုတ်လား ”
မယ်မင်းကြီးမတွေက ကျွန်တော်နာမည် သိနေကြသည်။ လစ်မလို မသင့်တော့။ ဒါနဲ့ မိုးယံတစ်ယောက် ကူညီပါရစေခင်ဗျ ဆိုပြီး ကူညီလိုက်ရသည်။ ကျောက်လှည့်မပါလို့ ထောက်စူး ဖြင့် လှည့်၍ ချိန်းအဖုံးကို ဖွင့်၍ လက်တွေလဲပေကျံခံပြီး, ချိန်းကြိုးကို ရအောင် တင်ပေးလိုက်ရသည်။ အားလုံးပြီးလဲသွားရော မယ်မင်းကြီးတို့ သိပ်အပြောကောင်း၏ ၊ ကျေးဇူးပဲနော် မိုးယံ ဆိုပြိး တချိုးတည်း ကျောင်းကို လစ်သွားကြတယ်။ မိုးယံတစ်ယောက် ကျောင်းတော့ နောက်ကျပြီး ၊ သေချာတာပေါ့ ကျောင်းနားရောက်တော့ အားလုံးရပ်နေပြီး နိုင်ငံတော် သီချင်းတွေ ဆိုနေကြပြီး ၊ နောက်ကျ ကျောင်းသွားတွေကို တန်းစီးခိုင်းထားသည်။ မိုးယံ မတတ်နိုင် ၀င်စီးလိုက်ရသည်။ မယ်မင်းကြီးမနှစ်ယောက်ကတော့ အဟုတ်ပဲ အတန်းရဲ့နောက်ဆုံးတန်းမှာ ကိုးယိုးကားယားနဲက တန်းဝင်စီးလို့ လွတ်သွားသည်ထင်ပါ့။ အဲဒီနေ့ကတော့ နောက်ကျကြောင်း လက်မှတ်ထိုးပြီး ပြီးသွားခဲ့ပါသည်။
ဒီနေ့တော့ ကလေးဆိုးကြီး နေကောင်းသွားပြီးမို့ ၊ မိုးယံတစ်ယောက်တည်း မဟုတ်တော့။ ယွန်းသဇင်နဲ့အတူ ကျောင်းအတူသွားကြသည်။ ဟော..... တွေ့ပါပြီးဗျာ မယ်မင်းကြီးနှစ်ယောက် ပြုံးဖြီးဖြီးနဲ့ ကျွန်တော်ကို မျက်နှာလို မျက်နှာရ တစ်ယောက်တော့ အားနာနေတဲ့ပုံစံပဲ ရှက်အန်းအန်းဖြစ်နေသည်။
“ မိုးယံ ဟိုနေ့က နင်ကို ငါတို့သေချာ ကျေးဇူတင်စကား မပြောမိလိုက်လို့ တောင်းပန်ပါတယ်နော် မိုးယံ”
“ ဒီနေ့ ငါတို့ နင့်ကိုကျေးဇူးတင်လို့ မုန့်ဝယ်ကျွေးမယ် နင် ဘာမုန့်စားမလဲ, မုန့်စားကျောင်းဆင်းရင် ၀ယ်လာခဲ့မယ်လေ ”
“ ရပါတယ်ဟာ , လိုပါဘူး၊ နင်တို့ အဆင်ပြေရင် ပြီးတာပါပဲ။ ”
ဟိုတေမိမ က ဘာမှမပြော ချိန်းကြိုးကျတာက သူစက်ဘီး, ဘာလို့စကားမပြောတာပါလိမ့်, သူ့မျက်လုံးတွေထဲမှာ မိုးယံကို အားနာပြီး တောင်းပန်နေသလိုပါပဲ။ ဘေးက ယွန်းသဇင်က မျက်စောင်းထိုးပြီး အမြင်မကြည်တော့သလိုနဲ့
“ ဟဲ့ ..... သူတို့ဘာတွေပြောနေတာလဲဟ ”
.....................
.......................
“ ဟေ့ကောင် ”
မိုးယံ လန့်တကြားဖြစ်သွားသည်။ ဘေးက သူငယ်ချင်း အောင်မိုးဟန် အော်လိုက်မှ သတိရမိတော့သည်။ သြော် ငါအတွေးလွန်နေတာကို , ဘေးမှာက first year cadet က သတိစွဲရပ်နေသည်။
မင်း ဘာလုပ်နေတာလဲ ငါကြည့်နေတာကြာပြီး မင်း ဟိုးအဝေးကြီးကြည့်ပြီးတော့ လွမ်းနေတယ်ထင်တယ် ငယ်ဖော်ငယ်နှောင်းတွေ ရှိခဲ့ပုံပဲ , ဟား... ဟား..... ဟုတ်လား,
မင်း first year ကိုခေါ်ပြီး ဘာခိုင်းမလို့လဲ သူခမျှ ရပ်နေတာကြာပြီး, အပြစ်ပေးမှာဖြင့်ပေးပြီး ပြန်လွှတ်လိုက်တော့ , study time ရောက်တော့မယ်..၊
“အေးပါကွာ .... အပြစ်ပေးမလို့ မဟုတ်ဘူးကွ, ဗျူဟာဆိုင်သွားပြီး ခေါက်ဆွဲခြောက်နဲ့ ကော်ဖီမစ် ၀ယ်ခိုင်းမလို့ကွ”
ပထမနှစ်ဗိုလ်လောင်းကို ၀ယ်ခိုင်းစရာများ ၀ယ်ခိုင်းပြီး , ပြန်ပြီး အတိတ်အကြောင်းလေး ပြန်တွေးမယ်လုပ်မှ study time ရောက်လို့ ကိုယ့်အခန်း ကိုယ်ဝင်ပြီး စာကြည့်ခြင်း အလုပ်ကို လုပ်ရပါတော့သည်။
သက်လုံ= ဗိုလ်လောင်းတွေ သောကြာနေတိုင်း ပေါင် သုံးဆယ် သဲပတ်အိတ်နှင့် G-3 သေနတ်, ရေဘူးရေအပြည့် ပါ ပြင်ဦးလွင်မြို့ထဲ့သို့ မိမိစစ်ကြောင်း အလိုက် အပြေး လေ့ကျင့်ရသည် အပြေးတစ်မျိုး။

နားငြီးလွန်းလို့

Posted by thawzin Monday, June 1, 2009 2 comments



တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို မေးတယ်။
“မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့ ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊ မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊ ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။ ကျွန်တော်မျိုး မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်။ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့ ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တောကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ် ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊ ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင် မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ နီမလားလို့...လို့ ...”
တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပ်ါတယ်။ ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။ ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။



မခိုးပါဘူး

-ဒီကဗျာ ဟိုစာအုပ်ထဲက ခိုးထားတာ မဟုတ်လား။
-အဲဒီ စာအုပ်ထဲသွားကြည့်ပါကွာ။ ဒီကဗျာရှိနေတုန်းပါ။


သဘောချင်းတိုက်ဆိုင်လိုက်တာ

ပန်းသီးအကြီးတစ်လုံး၊ အသေးတစ်လုံးကို ညီအစ်မနှစ်ယောက် တစ်ယောက်တစ်လုံးစီ စားကြဆိုပြီး ပေးလိုက်တော့ အစ်မကြီးက ကြီးတာယူပြီး ညီမကို ငယ်တာပေးတယ်။ဒီတော့ ညီမက
-ငါ့ကိုသာ ဝေပေးဖို့ခိုင်းရင် ငါက ငယ်တာယူပြီးကြီးတာကို နင့်ပေးမှာ။
-အေးလေ ခု ငါဝေတာလည်း နင်ဝေချင်သလိုပဲ မဟုတ်လား။

ဆယ်နှစ်လောက်ငယ်ချင်လို့

-ဒီမဂ္ဂဇင်းထဲမှာ လက်ရှိအသက်ထက် ငါးနှစ်ငယ်အောင် လုပ်နိုင်တဲ့နည်း ပါတယ်တဲ့။
-ဒါဖြင့် နှစ် အုပ်ပေးဗျာ။

မီးပျက်တဲ့ည

-ငါ ဒီကြောင်အိမ် ထဲမှာ မုန့်နှစ်ခုထားတာ။ တစ်ခုပဲရှိတော့တယ်။ မောင်မောင် ပြောစမ်း ဘာလို့ တစ်ခုပဲရှိရတာလဲ။
-ညက မီးပျက်နေတော့ အဲဒီတစ်ခုကို မမြင်လိုက်ရလို့ပါ။

ပဟေဠိ

ယောက်ျားလုပ်သူက ပန်းဆိုင်မှာဝင်ပြီး
- မွေးနေ့လက်ဆောင် ပန်းစီး ကျွန်တော့်မိန်းမဆီ ပို့ချင်လို့ ဒီလိပ်စာအတိုင်း ပို့ပေးပါ။
-လူကြီးမင်းရဲ့နာမည်။
- မလိုပါဘူး သူသိပါတယ်။
(သို့ဖြင့် ပန်းစီးပို့ပြီးနောက်)
-ဟဲလို ပန်းအရောင်းဆိုင်ကပါလား။
-ဟုတ်ပါတယ်။
-ရှင်တို့ဆိုင်ကပို့တဲ့ ပန်းစီးမှာ ပို့သူရဲ့ နာမည် မပါလာဘူး။
-ပန်းစီးပို့တဲ့ လူကြီးမင်းက ဘယ်သူပို့တယ်ဆိုတာအစ်မကြီး သိမှာပါတဲ့။
(ခဏမျှ ငြိမ်သွားပြီး )
- ရပ်ရှည်လား- ပုပုလား။


သူလုပ်ခဲ့တာ

-ဘာလို့ အလုပ်နောက်ကျတာလဲ။
- ကျွန်တော့် ယောက္ခမကြီး ရေချိုးခန်းထဲမှာ ချော်လဲပြီး သတိလစ်နေလို့။
-ဒါနဲ့ဘာလုပ်ခဲ့သလဲ။
-ပထမတော့ ဘာလုပ်ရမှန်း မသိဘူး။
နောက်မှအကြံရလို့ လမ်းထိပ်က ရေတွင်းသွားပြီး ချိုးခဲ့ပါတယ်။

ဥပေက္ခာဆိုသည်မှာ လျစ်လျူရှုခြင်းမည်၏။ လောကသည် အကျိုးတရားနှင့် အကြောင်းတရားတို့ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ်နေခြင်းအပေါ် လှုပ်ရှားပြောင်းလဲ ဖြစ်ပျက်နေတတ်၏။ လောကထဲတွင်နေသော လူတို့သည် ထိုဖြစ်ပျက်ပြောင်းလဲမှုပေါ်တွင် စီးဝင်နစ်မျောနေကြရသည်။ တချို့သော ဖြစ်ပျက်ပြောင်းလဲမှုကို ကိုယ်တိုင်ဖန်တီးယူနိုင်သော်လည်း တချို့ကိစ္စကို ကိုယ်တိုင်ဖန်တီခွင့်မရ၊ အကျိုးအကြောင်းကြောင့် ဖြစ်ပေါ်လာရသောကံကြမ္မာတရားသူကြီး၏ စီရင်ချက်အတိုင်း နာခံကြရသည်။ တစ်ခါတစ်ရံ ကံကြမ္မာတရားသူကြီး၏ စီရင်ခံချက်များသည် ရက်စက်ပြင်းထန်၏။ ခါးသည်း၏။ မှန်ကန်မှုမရှိ။ နှစ်မြို့ဖွယ်ရာမဟုတ် မခံချင်စရာဖြစ်၏။ သိုသော်လည်း တွန်းလှန်နိုင်အား ငြင်းဆန်နိုင်စွမ်းမရှိ။ မလွဲမသွေကြုံတွေ့ခံစားကြရ၏။ ထိုအခါ ကိုယ်မနှစ်မြို့ မလိုလားသော အကြောင်းအရာ အဖြစ်အပျက်များကို ဥပေက္ခာပြုလျစ်လျူရှုရာ၏။ ဥပေက္ခာတရားကြောင့် စိတ်ကိုသက်သာရာရစေပါလိမ့်မည်။ သင်္ခါတရားကို နှလုံးသွင်း၍ ဥပေက္ခာထားနိုင်ကြပါစေ။
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-

အလောင်းကစား

Posted by thawzin Friday, May 22, 2009 3 comments

မှောင်မိုက်နေတဲ့ ဆောင်းညလေးတစ်ညမှာပေါ့….ဘဏ်သူဋ္ဌေးအိုကြီး တစ်ယောက်ဟာ အခန်းထဲမှာ ခေါက်တုံ့
ခေါက်ပြန် လျှောက်ရင်းလွန်ခဲ့တဲ့(၁၅)နှစ်က သူကျင်းပခဲ့တဲ့ ညနေခင်းပါတီလေးအကြောင်းကို စဉ်းစားနေခဲ့တယ်အဲ့ဒီပွဲလေးမှာ ပညာရှိတွေ တက်ရောက်ခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေကို ပြောဆို ဆွေးနွေးခဲ့ကြတယ် စကားမစပ် သူတို့ဟာ သေဒဏ်ပေးခြင်း အကြောင်းကို ပြောဆိုခဲ့ကြတယ်…. ဧည့်သည်အများစုဟာ ဒီအကြောင်းကိုပဲ ဦးတည်ငြင်းခုံခဲ့ကြတယ်….သူတို့ထဲက အချို့ကတော့ နေရာတိုင်းမှာ သေဒဏ်ပေးတာကို ထောင်ဒဏ်တသက်နဲ့ အစားထိုးလို့သင့်တော်တယ်လို့ထင်မြင်ယူဆကြ တယ်။ ဧည့်သည်တွေ ထဲမှာ အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိတဲ့ ငယ်ရွယ်တဲ့ရှေ့နေလေး တစ်ယောက်ရှိနေခဲ့တယ် ..သူရဲ့ ထင်မြင်ချက်ကို မေးတဲ့အခါမှာတော့ သူက
``သေဒဏ်နဲ့ ထောင်ဒဏ်တသက်ဟာ မကောင်းတာချင်းကတော့ တူတူပါပဲ ... ဒါပေမဲ့ သူကို ဒီနှစ်ခုထဲကရွေးခိုင်းရင်တော့ သူသေချာပေါက် ဒုတိယတစ်ခုကို ရွေးမယ်´´
လို့ပြောခဲ့တယ်။ ဘယ်လို ရှင်သန်နေရတာပဲဖြစ်ဖြစ်
သေတာထက်တော့ ကောင်းပါတယ် ။ အားတက်သရော ငြင်းခုံမှုတွေဟာ ဆက်လက်ရှိနေခဲ့တယ် အဲ့ဒီတုန်းက ငယ်ရွယ်ပြီးတော့ ဒါကို သဘောမတူနိုင်တဲ့ ဘဏ်သူဋ္ဌေးကြီးဟာ ရုတ်တရက်ဒေါသထွက်လာပြီးတော့ စားပွဲကိုလက်သီးနှင့်ထိုးကာ ရှေ့နေလေးကို ဦးတည်ပြီးတော့ အော်ဟစ်ပြောလိုက်ပါတယ်
``မဟုတ်တာ
မင်းမြေအောက်အကျဉ်းတိုက်ထဲမှာ(၅)နှစ်နေမလား.. နှစ်သန်းကြေးလောင်းမယ်လေ ။´´
“ ဒါတကယ်ဖြစ်မယ်ဆိုရင်၅)နှစ်မဟုတ်ဘူး(၁၅)နှစ်နေမယ်” လို့ရှေ့နေလေးက ပြန်ဖြေလိုက်တယ်။
“(၁၅)နှစ်လား၊ လူကြီးမင်းတို့ရေ ကျွန်တော်ကတော့ ဒီမှာနှစ်သန်းထားလိုက်ပြီ”
လို့ဘဏ်သူဋ္ဌေးကြီးကအော်ဟစ်လိုက်ပါတယ်။
တင်းကျပ်သော စောင့်ကြည့်မှုတွေနဲ့ သူဋ္ဌေးကြီးရဲ့ပန်းခြံထဲမှာ ရှိတဲ့အကျဉ်းတိုက်ထဲက အခန်းမှာရှေ့နေလေးဟာသူကိုယ်တိုင်အကျဉ်းကျခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သတ်မှတ်ချက်တွေ ကတော့ဒီ(၁၅)နှစ်အတွင်းမှာ သူဟာ အကျဉ်းခန်းတံခါးဝကို ကျော်လွန်ခြင်း၊သက်ရှိများနှင့်တွေ့ဆုံခြင်း ၊စာနှင့်သတင်းစာများရယူခြင်း စတဲ့
အခွင့်အရေးတွေကို ပိတ်ပင်ခံရမှာဖြစ်တယ်။ စန္ဒယားတီးခြင်း၊ စာအုပ်ဖတ်ခြင်း၊ စာရေးခြင်း၊ ရှန်ပိန်နှင့်
ဆေးတံသောက်ခြင်းတို့ကိုတော့ခွင့်ပြုခဲ့တယ် ။အပိတ်ခံရတဲ့ပထမနှစ်မှာတော့ ရှေ့နေလေးဟာ သတ်မှတ် ခွင့်ပြုထားတဲ့ သူ့စာတိုလေးတွေနဲ့ အထီးကျန်ငြီးငွေ့ခြင်းကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ ရှန်ပိန်နှင့်ဆေးတံသောက်ခြင်းကိုတော့ သူဟာငြင်းဆန်ခဲ့တယ်။ သူဆီကိုလေးနက်တဲ့အတွေးအမြင်တွေ မပါတဲ့စာအုပ်တွေကို အဓိကပို့ပေးခဲ့ကြတယ်။ နေ့ရောညပါ အကျဉ်းခန်းထဲကနေ စန္ဒယားသံလေးပျံလွင့်နေခဲ့တယ်။ ဒုတိယနှစ်မှာတော့ အကျဉ်းခန်းထဲမှာ တေးဂီတသံတွေ ဆိတ်သုန်းသွားတယ်၊ ရှေ့နေလေးဟာ သူ့စာတိုလေးတွေထဲမှာ စာပေအနုပညာလက်ရာလေးတွေသာ လိုအပ်ခဲ့တယ်။ ငါးနှစ်မြောက်မှာတော့ တေးဂီတသံကိုပြန်ကြားရပြီး အကျဉ်းသားဟာ ရှန်ပိန်ကိုတောင်းခံခဲ့တယ်။ အဲ့ဒီတစ်နှစ်လုံးစားသောက်ခြင်း၊ အိပ်စက်ခြင်းတို့နဲ့သာ ကုန်ဆုံးခဲ့တယ်။
သူ့ကိုယ်သူ စကားတွေပြန်ပြောပြီးစိတ်တိုနေခဲ့တယ် ။ စာလည်းမဖတ်တော့ဘူး ……….။ခြောက်နှစ်မြောက်ရဲ့
ဒုတိယနှစ်ဝက်မှာတော့ အကျဉ်းသားဟာ အတွေးအခေါ် နဲ့ သမိုင်းဘာသာစကား လေ့လာ မှုတွေကိုကြိုးစားပြီးတော့ အစပျိုးခဲ့တယ်….. ။ ထို့နောက်(၁၀)နှစ်အကျော်မှာတော့သူဟာ ရယ်ဘန်ဂဲလီရယ် တခုတည်းကိုသာဖတ်တော့တယ်။ အချုပ်ခံခြင်း ကုန်ဆုံးဖို့ (၂)နှစ်အလိုမှာတော့ အကျဉ်းသားဟာ ဘာမှကိုမရွေးပဲ အကုန်ဖတ်ပါတော့တယ်။သူ့ရဲ့စာဖတ်ခြင်းဟာ ပင်လယ်ထဲက သင်္ဘော အပျက်အဆီးတွေကြားမှာ ကူးနေတဲ့ လူတစ်ယောက် အပျက်အဆီး တစ်ခုပြီးတစ်ခုကို လောဘတကြီးဆုပ်ကိုင်နေသလိုပါပဲ။ လွန်ခဲ့တဲ့(၁၅)နှစ်က ဘဏ်သူဋ္ဌေးကြီးဟာ သူ့ပိုက်ဆံအကောင့်ကို မသိခဲ့ဘူး ၊ အခုတော့ သူ့မှာပိုက်ဆံနဲ့အကြွေး ဘယ်ဟာ ကပိုများမလဲလို့ သူ့ကိုယ်သူပြန်မေးရမှာကိုကြောက်နေခဲ့တယ်။ အဘိုးအိုဟာသူ့ခေါင်းကိုဆုပ်ကိုင်လျက် ဆိုးရွားလှတဲ့ အလောင်းအစား ပါလားလို့ တတွတ်တွတ် ရေရွတ်နေခဲ့တယ်။ အကြွေးတင်ခြင်းနှင့် အရှက်ကိုကယ်ဆယ်ဖို့ တခုတည်းသော နည်းလမ်းကတော့ ဒီလူသေမှပဲဖြစ်တော့မယ် ။
ဘဏ်သူဋ္ဌေးကြီးဟာ တံခါးမှ ချိတ်ပိတ်ထားတာကို ဂရုတစိုက်ဖြိုဖျက်ပြီး သော့ပေါက်ထဲ သော့ထည့်လိုက်တဲ့ အချိန်မှာ တံခါးနောက်မှာတော့ တိတ်ဆိတ်နေခဲ့တယ်။ အခန်းထဲက စားပွဲနောက်မှာတော့ သာမန်လူတွေနဲ့မတူတဲ့ လူတစ်ယောက် မလှုပ်မရှားထိုင်နေခဲ့တယ် ….. အဲ့ဒါဟာရှည်လျားတဲ့ဆံပင်လိပ်ခွေ၊ ထူပျစ်နေတဲ့ မုတ်ဆိတ်တွေနဲ့ အရေပြားဖုံးအုပ်ထားတဲ့ အရိုးစုလိုပါပဲ……။ သူဟာအိပ်ပျော်နေခဲ့တယ်..။ နံစော်စုတ်ပြတ်နေတဲ့ သူ့ခေါင်းရဲ့ အရှေ့စားပွဲပေါ်မှာ စာရွက်လေးတစ်ရွက်ရှိနေခဲ့တယ်…။
```မနက်ဖြန်ငါလွတ်လပ်ခွင့်ရပြီ´´´
လို့အကျဉ်းသား ဟာရေးထားခဲ့တယ်။
“ ကြည်လင်တဲ့အသိစိတ်နဲ့ ဘုရားသခင်ရဲ့ရှေ့မှာ ငါကြော်ငြာမယ်”
`` မင်းတို့စာအုပ်တွေထဲက ကမ္ဘာရဲ့ကောင်းမွန်ပါတယ်ဆိုတဲ့ လွတ်လပ်ရေး၊ ဘ၀ နဲ့ကျန်းမာရေးတွေအားလုံး ကိုငါရွံရှာစပ်ဆုပ်တယ်၊ မင်း အကြောက်လွန်ရူးသွပ်ပြီး ဒီလမ်းအတိုင်း မလျှောက်ပါနဲ့(ဒီလိုမလုပ်ပါနဲ့) ၊ မင်းရဲ့ ပိုက်ဆံနှစ်သန်းကိုလည်း ငါမယူပါဘူး။ အရင်တုန်းကတော့ ဒီအကြောင်းတွေကို ငါစဉ်းစားခဲ့ပါတယ် ၊ ခုတော့ဒါတွေကိုရွံရှာနေပါပြီ ။”
“ငါ့မိန်းမကတော့ နောက်တစ်ယောက်နဲ့ ဖေါတ်ပြန်နေပြီး, ငါ့ပိုင်ဆိုင်တဲ့ အရာတွေအားလုံးလဲ ပျောက်ဆုံး ပျက်စီးကုန်ပြီး ဆိုတာငါသိထားပြီး ”
“ မင်းဒီစာကိုဖတ်ပြီး လိုက်တဲ့အချိန်မှာ ငါ့ကိုသေသေချာချာ ပြန်ကြည့်ပါ, ငါ့မှာ ဘာတွေပြောင်းလဲခဲ့သလဲ ”
ဘဏ်သူဌေးကြီး တွေဝေစွာ စိတ်တွေ ဂရောင်ခြောက်ချားဖြစ်နေခဲ့တယ်..။ ကြောက်ကြောက်လန့်လန့် နဲ့ အကျဉ်းသားကို ပြန်ကြည့်လိုက်ပေမယ့် အကျဉ်းသား ကို မတွေ့ရတော့ပါဘူး။
ဇတ်လမ်းက ဒီမှာ ဆုံးသွားပါတယ် ငယ်ငယ်က ရွာမှာ အသံချဲ့စက်က ဖွင့်တဲ့ နိုင်လင်း ဖန်တီးသော ပြဇတ်တစ်ပုဒ်လေးကို ပြန်သတိရမိပါတယ်,
အခုလဲ နိုင်လင်း မေးသလိုပေါ့ အဲဒီအကျဉ်းသား ဘယ်ရောက်သွားပါသလဲ?
အကျဉ်းက အဲဒီနေရာမှာပဲ ပျောက်ကွယ်သွားသလား?
ဒါမှမဟုတ် ဘဏ်သူဌေးကြီး ဆင်းလာသော လမ်းကပဲ ပြန်တတ်သွား၍လား?
အလောင်းကစား ဆိုတာ တကယ်တော့ ကောင်းကျိုးတစ်ခုမှ မရှိပါဘူး, “အလောင်းကစား” ဒီပုံပြင်ကို ဖတ်ပြီး မိမိအတွက် ယူသင့်သော သင်ခန်းစားများ မှန်မှန်ကန်ကန်ရယူနိုင်ကြပါစေ...


သော့(သံသယ)

Posted by thawzin Wednesday, May 20, 2009 2 comments

သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။ လက်ထပ်ပြီးနောက် သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။ အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။ ကျွန်မဟာ အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။ သူမှာ နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊ နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။ ဒါပေမဲ့ သူဘာမှ မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။ ဒါကြောင့် အဲဒီသော့ကို ကျွန်မပို သံသယဖြစ်မိတယ်။

သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။ လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။ ရုံးဆင်းရင်လည်း သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။ အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊ ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...
သူအရင်ကထက် စကားနည်းလာတယ်။ အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မကို အသိမပေးတော့ဘူး။ သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။ အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လို မသွက်လက်တော့ဘူး။ ဟိုမေ့ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု လျှော့လာခဲ့တယ်။ သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ် ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ သံသယ၀င်နေဆဲပါပဲ။နေ့ညမပြတ် အဲဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။ နောက်ဆုံး အဲဒီသော့ဟာ ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။ သော့ကို သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။ ကျွန်မ တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။ “တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ ရှိသေးတယ်။ ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ ကောင်းကောင်းဆူလိုက်ဦးမယ်” ကျွန်မ ရေရွတ်နေပေမဲ့လည်း ဘာသေတမ်းစာလဲဆိုတာကို အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ ဖောက်ကြည့်လိုက်မိတယ်။ သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့ ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့ ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။ ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး “အရိုးကင်ဆာ” တဲ့။လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲဒီသော့ရဲ့ နာမည်က “သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက် တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။ “အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။(သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့ အပေါ်မှုတည်ပါတယ်)
မှတ်ချက်= ---------- Forwarded message ---------- မှပြန်ကူးဖော်ပြပါသည်..။

ခါးပတ်မပတ်သောGhost

Posted by thawzin Tuesday, May 19, 2009 4 comments

ဟာသလေးတစ်ခုပါ, ခါးပတ်မပတ်ရင်လေ Ghost လဲမရပါဘူး

သူငယ်ချင်းတွေ

Posted by thawzin Sunday, May 17, 2009 1 comments

ငယ်ငယ်တုန်းကတော့ကျွန်တော်တို့တတွေ ကျောင်းစာသင်ခဲ့ကြရသလို ကျောင်းတုန်းက သူငယ်ချင်းတွေလဲထားခဲ့ရှိခဲ့ကြမှာပါ, စာသင်ကျောင်းက သူငယ်ချင်း, ငယ်ငယ်တုန်းက ကစားဖော်ကစားဖတ် သူငယ်ချင်းတွေ ထားခဲ့ကြရှိခဲ့ကြမှာပါ။ အဲဒီလို...... အဲဒီလို သူငယ်ချင်းတွေကို လွမ်းသတိရဖို့ အတွက် အခုသီချင်းလေးက အရမ်းသတိရအောင့်မေ့ဖွယ်လေးပါ, တေးရေးဆရာ ကိုဆောင်ဦးလှိုင် ရေးတဲ့ အဆိုတော် ဆောင်ဦးလှိုင်နဲ့ ချမ်းပြည့်တို့ သီဆိုထားသော “သူငယ်ချင်းတွေ” ဆိုတဲ့သီချင်းလေးကိုနားထောင်ကြည့်ပါ။ ကျွန်တော်အရမ်းနှစ်သက်တဲ့သီချင်းလေးဖြစ်ပါတယ်,ခင်ဗျာတို့လဲနှစ်သက်မယ် ထင်ပါတယ်


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ